သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၁.၁၀.၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)တွင် မော်ကျွန်းမြို့နယ်၊ ဆိပ်ကမ်းသာစျေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ /မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများဘေးအန္တရာယ်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့တွင်းရှိ စားသုံးဆီဆိုင်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၃)ရက်နေ့၊နံနက် (၁၀:၀၀)နာရီ အချိန်တွင် မအူပင်မြို့နယ် တာပတ်အနောက်ကျေးရွာရှိ (အ.လ.က)ကျောင်းခွဲတွင် ကျောင်းသား/ကျောင်းသူ (၂၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်/မြို့များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့် ကြက်ဥများအား စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ မအူပင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား သွားရောက်၍ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ရောင်းချပေးခဲ့သည်။