သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2023

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၁၈.၁၀.၂၀၂၃) ရက်နေ့၊ နံနက် (၁၀: ၀၀)နာရီအချိန် အနောက်ရပ်ကွက်ရှိ “စိုးစိုးဝင်း” ကိတ်နှင့် မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်၍ ကုန်ညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြစေရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

24 Oct 2023

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေး အတွက် ဈေးကွက်ရောက်ပြီးကုန်စည်များသာမက ဈေးကွက်မရောက်မီကုန်စည်များကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် (၁၆.၁၀.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊

24 Oct 2023

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ လက်လီ/လက်ကား ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား (၁၇.၁၀.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ သီပေါမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်ရေး အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

23 Oct 2023

          စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ(၉)ရုံရှိသည့်အနက် ကလေးများကြိုက်နှစ်သက်သည့် အာလူးချောင်း လေဖောင်းမုန့် ထုတ်လုပ်သော Oriental Family  စက်ရုံသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

23 Oct 2023

     ရခိုင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း    (ဒု-ဦးစီးမှူး)သည်   ၂၀၂၃ ခု   ၊  အောက်တိုဘာလ  (၁၈)  ရက် ၊  နေ့လယ်(၁၃:၃၀) နာရီအချိန်တွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍  စားသုံးသူကာကွယ်ရေး    (TalkShow) အစီအစဉ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community  Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages