သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၃)ရက်နေ့၊နံနက် (၁၀:၀၀)နာရီ အချိန်တွင် မအူပင်မြို့နယ် တာပတ်အနောက်ကျေးရွာရှိ (အ.လ.က)ကျောင်းခွဲတွင် ကျောင်းသား/ကျောင်းသူ (၂၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်/မြို့များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့် ကြက်ဥများအား စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ မအူပင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား သွားရောက်၍ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ရောင်းချပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်/မြို့များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့် ကြက်ဥများအား စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ (၁၆.၁၀.၂၀၂၃) ရက်နေ့၊ မွန်းလွဲပိုင်းတွင် မအူပင်မြို့နယ် တလုတ်လပ်အနောက် ကျေးရွာ၌ ကျေးရွာနေပြည်သူများအား ရောင်းချပေးခဲကြသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဇလွန်မြို့နယ် ညောင်ပင်ဈေး ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးအား (၁၆.၁၀.၂၀၂၃)နေ့၊ နံနက် (၁၀:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။