သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် ၁၇.၁၀.၂၀၂၃ ရက်နေ့တွင် ခါးရှိရပ်ကွက်၊မုတ်လွှဲကျေးရွာ၊ဝိုင်းမော်မြို့နယ်ရှိ ပြည်သူ (၈) ဦးအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း ဒု-ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၁၇.၁၀.၂၀၂၃ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်ပင်ရပ် ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၃)၌ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင် ဦးစီးမှူးက ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့၊ မွန်းလွှဲ(၁း၃၀)အချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ထုတ်လုပ်နိုင်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၅-၁၀-၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းကြား၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ သင်တန်းဆရာ/ ဆရာမ၊ သင်တန်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကို ၁၂.၁၀.၂၀၂၃ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။