သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Oct 2023

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အနေဖြင့် ဒေသထုတ်ကုန် အစားအစာများစွာရှိသည့်အနက် ပြည်ထမင်းသုတ် နှင့် ပြည်ကော်ရည်ခေါက်ဆွဲသည် လူသိများ၍ အကြိုက်များသော အစားအစာဖြစ်ပါသည်။ ပြည်ထမင်းသုတ်နှင့် ပြည်ကော်ရည်ခေါက်ဆွဲကို ဒေသတွင်း စားသုံးသူများက ဝယ်ယူစားသုံးခြင်းဖြင့်သာမကဘဲ အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ဒေသထုတ်ကုန် အရောင်းပြခန်းများကို ဖွင့်လှစ်၍ ရောင်းချစေခဲ့ပါသည်။ ထိုသို့ ဒေသထုတ်ကုန်အစားအစာများအား ရောင်းချခြင်းကြောင့် အသေးစား၊ အငယ်စား၊

18 Oct 2023

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အခြားသောမိတ်ဖက်ဌာနများဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ (အ.မ.က) ဖိုးခေါင်ကျောင်း၌ ကျောင်းသား/သူ (၁၂၃)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

18 Oct 2023

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များသို့  (၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် သွားရောက်၍ သောက်ရေသန့်ဘူးများအား ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြိုနယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာဝန်ထမ်းများနှင့်ပူးပေါင်း၍ စစ်ဆေးခဲ့ကြပါသည်။

18 Oct 2023

    ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူတို့အနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေး ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီနှင့် သောက်ရေသန့်အမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ (၄-၁၀-၂၀၂၃) ရက်နေ့တွင် ဥသျှစ်ပင်ဈေးရှိ ကုန်စုံဆိုင်များနှင့် (၉-၁၀-၂၀၂၃) ရက်နေ့တွင် ဆင်တဲဈေးရှိ ကုန်စုံဆိုင်များတွင်ရ

18 Oct 2023

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုအရ ပြည်မြို့ရှိ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ပြည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၀-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပါဝင်သောအဖွဲ့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

Pages