သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Oct 2023

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား (၉-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

16 Oct 2023

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့၊ နေ့လယ်ပိုင်းတွင် ခရိုင်ဦးစီးမှူးရုံးခန်းမ၌ တောင်ငူခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းလုပ်အမှုဆောင်များနှင့် အသင်းဝင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

16 Oct 2023

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာနှင့်အတူ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

16 Oct 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၂.၁၀.၂၀၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်ရှိ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ

16 Oct 2023

          ၂၀၂၃ ခုနှစ်၊ မေလအတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိုခါဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများ၌ ထိရောက်သည့် ပံ့ပိုးမှုပေးနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူခဲ့သည့် ကုမ္ပဏီ (၇) ခု၏ ဆန်အိတ် (၄၂၀၀၀) ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် MV-CHARITY ရေယာဉ်ဖြင့် တင်ပို့နိုင်‌ရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်

Pages