သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၉.၁၀.၂၀၂၃)ရက်နေ့ နံနက် (၀၉:၀၀)အချိန်တွင် ကျင်းပခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေခြားကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ (၆.၁၀.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၅:၀၀)အချိန်တွင် စားသောက်ကုန်များ၌ ပါဝင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအား စားအုန်းဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းက ဦးစီး၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာတွင် ၂၀၂၃ ခု ၊ အောက်တိုဘာလ (၈) ရက် နေ့၊ နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ အောက်ချောင်းကလေးကျေးရွာ၊ အခြေခံပညာမူလကျောင်းရှိ ကျောင်းသား/ကျောင်းသူ(၆၅)ဦး၊ ဆရာ/ဆရာမ(၄)ဦး၊ စုစုပေါင်း(၆၉)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။