သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Oct 2023

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ‌တောင်တွင်းကြီးမြို့နယ်၊ မြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးသည် (၅.၁၀.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တောင်တွင်းကြီးမြို့၊ အမှတ်(၁၉)အခြေခံပညာမူလတန်းလွန်သဖန်းကျောင်း စာသင်ခန်းမ၌ စားသုံးသူအသိပညာ‌ပေးရေးအစီအစဉ်နှင့် ပြန်ကြားဆက်သွယ်ရေး၊ လူငယ်နှင့်စာပေပူးပေါင်းဆောင် ရွက်ရေးအစီအစဉ်အရ ဆရာ/ဆရာမနှင့်

16 Oct 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် မအူပင်မြို့နယ်၊ ဆန်စက်ပိုင်ရှင်အသင်းရုံး၌ ဆန်ကုန်သည် (၄၅)ဦးအား (၈-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါသည်။

16 Oct 2023

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိ စျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign အား ဆောင်ရွက်လျက်ရှိရာ (၉.၁၀.၂၀၂၃) ရက်နေ့ နံနက် (၀၈:၃၀)အချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

13 Oct 2023

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ၆.၁၀.၂၀၂၃ ရက်နေ့တွင် ငွေကြေးဝန်ဆောင်မှုနှင့်အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

13 Oct 2023

   ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၄.၁၀.၂၀၂၃)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီက  ဝါးခယ်မမြို့နယ် မြို့မဈေးတာဝန်ခံရုံးတွင် ကုန်ဈေးနှုန်းကျဆင်းစေရေး ရည်ရွယ်၍ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များ၊ ကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

Pages