သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Oct 2023

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၅-၁၀-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ တာမိုင်းလုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းခန်းမဆောင်၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှသင်ကြားပို့ချသော အခြေခံစက်ချုပ်သင်တန်းရှိ သင်တန်းသူ ၁၅ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

12 Oct 2023

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မုဒုံမြို့နယ်တာဝန်ခံတို့သည် (၆-၁၀-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့၊ အ.ထ.က (၂)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ကြပါသည်။

12 Oct 2023

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၅-၁၀-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက် (အ.မ.က-၃) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။

12 Oct 2023

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ (အ.မ.က) တကူကနာကျောင်း၌ (၅-၁၀-၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။

12 Oct 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများသည်     (၅-၁၀-၂၀၂၃) ရက်နေ့တွင် စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးတို့မှ ဝန်ထမ်းစုစုပေါင်း (၂၅) ဦးတက်ရောက်ခဲ့ကြပါသည်။

Pages