ထွဋ်လေဒီဖက်ရှင်ရှော့ အွန်လိုင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၄)ဉီး တို့သည် (၉.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် အမှတ်(၈၆၆)၊ ခ(၉)လမ်း၊ (က/ခ) မြို့သစ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ ထွဋ်လေဒီဖက်ရှင်ရှော့အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်း ဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ထွဋ်လေဒီဖက်ရှင်ရှော့လုပ်ငန်းပိုင်ရှင် ဒေါ်ခင်မျိုးဉီး နှင့်တွေ့ဆုံကာ ဆွေးနွေးရာ၌ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့် သက်တမ်း တိုးလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖော်ပြပါအချက်အလက်များ မှန်ကန်မှု ရှိမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာဖြစ်သည့်အတွက် မှန်ကန်စွာဖြေကြားပေးရန်နှင့် စားသုံးသူကာကွယ်ရေး၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)