သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂.၁၀.၂၀၂၃)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၄-၁၀-၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ညောင်တုန်းမြို့နယ်၊ ပါလှည့် (အ.ထ.က) ရှိ ကျောင်းသား/ ကျောင်းသူ (၃၂၀)ဦးအား မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။
ဖျာပုံမြို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မီးသတ်ဦးစီးဌာနရှိဝန်ထမ်းနှင့် မိသားစု(၈၀)ဦးအား အောက်တိုဘာလ(၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်၌ ဖျာပုံခရိုင် ၊ မီးသတ်သင်တန်းကျောင်းတွင် မိမိတို့ဝယ်ယူသုံးစွဲသော ကုန်စည် (သို့) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်များတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်ဝယ်ယူအသုံးပြုရန် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်၊ သတ်မှတ်ချက်များရိုးရှင်းမှန်ကန်သော သတင်းအချက်များရယူက
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၃-၁၀-၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ ဖြူစင်သန့်ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၄.၁၀.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ဗိုလ်ချုပ်လမ်း(၅)ရပ်ကွက်ရှိ Myanmar Biomass Power လောင်စာတောင့်လုပ်ငန်းသို့ သွားရောက်၍ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။