
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦး တို့သည် အမှတ်(၆၂)၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ လှိုင်သာယာမြို့နယ်ရှိ L & M Myason Co.,Ltd မှ Good Morning မုန့်လုပ်ငန်းစက်ရုံသို့ (၁၁.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၁၅)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင်ပါ (၂)ဦး၊ စက်မှုဇုန်(၁)ကော်မတီရုံးမှ ဒုတာဝန်ခံ ဦးနေမျိုးဦးတို့ ပူးပေါင်းပါဝင်လျက် ရောင်းချနေသော Good Mrning အမှတ်တံဆိပ်ကိတ်/ ကွတ်ကီးအမျိုးအစားပေါင်း (၁၇)မျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA (ရန်ကုန်)