စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာဆိုင်များအား ကုန်အညွှန်း ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ အရောင်းဆိုင် တက်နေဝန်း၊ မိဘမေတ္တာ၊ မွန်းလိုက် ဆိုင်များတွင်  အရည်အသွေးနိမ့်မြေဩဇာများ ရောင်းချနေမှု ရှိ၊ မရှိ ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သည့် အချက်အအလက်များ ကိုက်ညီမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၁၄-၉-၂၀၂၅ ရက်နေ့ နံနက်(၁၀) နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်သည်။

          အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုအား မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း ၍  မအူပင်မြို့နယ် စိုက်ပျိုးရေးသုံးရောင်းချသော ဓါတ်မြေဩဇာ အရောင်းဆိုင်များတွင် ရောင်းချနေသော လယ်ယာမြေသုံး သွင်းအားစု ဓါတ်မြေဩဇာများ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် မြေဩဇာများ ကို  ပြန်လည်ထုပ်ပိုးပြီး အတုများပြုလုပ်လျက် ဈေးကွက်ထဲတွင် ဖြန့်ဖြူးရောင်းချနေခြင်းရှိ၊ မရှိ၊ ဈေးနှုန်း မြင့်တင်ရောင်းချမှု ရှိ/မရှိ၊ ဈေးကွက်အတွင်းရောင်းချနေသော ဓါတ်မြေဩဇာများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြပါဝင်ခြင်း ရှိမရှိအား ကွင်းဆင်းစစ်ဆေးပြီး ဈေးကွက်အတွင်း သက်ဆိုင်ရာဌာနကများက တားမြစ်ပိတ်ပင်ထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများတင်သွင်း ရောင်းချရန်၊ စိုက်ပျိုးသူ တောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ သုံးစွဲပုံအညွှန်းအား မြန်မာစာဖြင့် တိတိကျကျ ဖော်ပြထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာ ရောင်းချကြရန် လုပ်ငန်းရှင်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)