သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ် တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေး (အတွင်း/အပြင်)ရှိ စားအုန်းဆီအရောင်းဆိုင်များနှင့် မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းမှ ရောင်းချခွင့်ပေးထားသည့် လက်လီ၊ လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီဆိုင်များကို အောက်တိုဘာလ (၁၀)ရက်၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင် ဦးစီးမှူး ဦးအုန်းမြင့်ဦးဆောင်သောဝန်ထမ်းများသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ အစီအမံဖြင့် (၇.၁၀.၂၀၂၃)နေ့ ၊နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သရက်မြို့ ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များပူးပေါင်း၍ သရက်မြို့နယ်၊ ထုံးတောင်အုပ်စုဝါရုံရပ်ကွက် ဈေးလေးဓမ္မာရုံ၌ ဧည့်မထဆန်(၁)ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့် အိမ်ထောင်စု(၂၇၀)အား ရောင်းချပေးခဲ့ရာ သွားရောက်ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏စီစဉ်ပေးမှုအရ (၉-၁၀-၂၀၂၃)ရက်နေ့ ၊နေ့လယ်(၁၃း၀၀)နာရီမှ (၁၈း၀၀)နာရီ အချိန်အထိ ကံမမြို့နယ် နတ်မီးကျေးရွာ၊ ခြောက်ပင်ကျေးရွာ၊ ရေနံ့သာကျေးရွာ၊ တောမကျေးရွာ၊ ကျောက်စောင်းကျေးရွာ၊ ကျီးမီးကျေးရွာ၊ ကျောက်ပဒေါင်းကျေးရွာ၊ ရွာသာယာကျေးရွာ၊ ပဇင်းနိမ့်ကျေးရွာ၊ ကျွန်းကလေးကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၂၂၀၀)တို့အား သက်သာသောဈေးနှုန်းဖြစ်သည့် စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းသည် (၉-၁၀-၂၀၂၃) ရက်နေ့ ၊နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေး Talk Show ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိ ဈေးကွက်များအတွင်း ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၀-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး