သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Oct 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၃-၁၀-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးဝန်း အတွင်/အပြင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေးအတွက် အပတ်စဉ် သောကြာနေ့တိုင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သိုလှောင်ရုံ အနောက်ဘက်ရှိ မြေလွတ်နေရာများ၌ သီးပင်စားပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

17 Oct 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုး (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် (၉-၁၀-၂၀၂၃)ရက်နေ့တွင် ဓနုဖြူမြို့နယ်ရှိ လိုတရ သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

17 Oct 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်မြို့နယ်ဝန်ထမ်းများသည် (၉-၁၀-၂၀၂၃)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ရပ်ကွက်(၁၀)ရှိ    ဓမ္မာရုံ၌ ပြည်သူလူထု(၁၅၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

17 Oct 2023

 ကရင်ပြည်နယ်သစ်သီးဝလံနှင့် ပန်းမာလ်စိုက်ပျိုးထုတ်လုပ်သူများအသင်း အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားအား ၁၂-၁၀-၂၀၂၃ ရက်နေ့ ၊နံနက်၁၀နာရီအချိန်တွင် ဘားအံမြို့ ၊ မွေးမြူရေးဇုံ ရှင်းလင်းဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။  

17 Oct 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ပန်းတနော်မြို့နယ်သို့သွားရောက်၍ ပန်းတနော်၊ အရှေ့ပိုင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူ(၂၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။

Pages