သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Oct 2023

          စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၁.၁၀.၂၀၂၃ ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ NEI (Netional Enlightenment Institute) တို့နှင့်ပူးပေါင်း၍ ဆန်စက်စာရင်းကောက်ယူမှုနှင့် အသင်းဝင်မှုအခြေအနေအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

23 Oct 2023

       တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဟားခါးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

20 Oct 2023

     ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကုန်ပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာရေးဈေးကြီး၏ အတွင်း/အပြင်၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

20 Oct 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၂-၁၀-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား‌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြ ပါသည်။

19 Oct 2023

  စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်အရ အထွေထွေအုပ်ချုပ်‌‌ရေးဦးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန ၊ အကောက်ခွန်ဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၃ရက်နေ့ ၊ နံနက် ၀၉း၃၀ နာရီအချိန်တွင် ထားဝယ်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များ၌ ထိုင်းနိုင်ငံမှ စားသုံးရန်မသင့်သဖြင့် ရောင်းချခွင့် ပိတ်ပင

Pages