သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၁၁.၁၀.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်အတွင်းရှိ ဒေါ်ခင်မာအေး (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ဦးစီးမှူး ဦးမြတ်မင်းနှင့် ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးတို့သည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၆.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၂၂)ဦး၊ ဆရာ/ဆရာမ (၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ထုတ်ချေးမှု၊ ပြန်လည်ကောက်ခံရရှိမှု၊ အသုံးစရိတ် ကျခံသုံးစွဲမှုများကို (၆)လလျှင် တစ်ကြိမ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးမှုများအပေါ် အကျိုးသက်ရောက်မှု စောင့်ကြည့်အကဲဖြတ်နိုင်ရေး ရန်ပုံငွေမှ ထုတ်ချေးထာ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၁၀.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ ရောင်းချနေသောစားသုံးဆီများတွင် စားသုံးဆီအတုများပြုလုပ်၍ ရောင်းချသော စားသုံးဆီအတုပြုလုပ်သည့် ဓါတုပစ္စည်းများရောင်းချမှုမရှိစေရေး၊ အခြင်အတွယ် မှန်ကန်မှုရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်ဈေးနှုန်းမြှင့်တ