ဓနုဖြူမြို့နယ်က ဆန်းမင်းသစ် ပဲကြက်ခေါက်ကြော်လုပ်ငန်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းနှင့် ဝန်ထမ်းများသည် ကွင်းဆင်းလေ့လာသောအခါ ဆန်းမင်းသစ် ပဲကြက်ခေါက်လုပ်ငန်းပိုင်ရှင် ဒေါ်လှလှမြင့်က ဂျုံ၊ သကြား၊ ကုလားပဲ၊ ကြက်ဥ၊ ဆီနှင့်သကြားတို့ကို လုပ်ငန်းခွင် လုပ်ငန်း အဆင့်ဆင့်အလိုက် စနစ်တကျ စီမံဆောင်ရွက်ပြီး ရရှိသည့် ပဲကြက်ခေါက်ကြော်များ ကိုတစ်ဗူးလျှင် (၅)ခုပါတစ်ထုပ်လျှင်(၁၈၀၀/-) ကျပ်ဖြင့် ဓနုဖြူမြို့နယ် နှင့် အနီးနားမြို့များသို့ ဈေးကွက်ရရှိပြီး၊ လုပ်သား (၄) ဦးဖြင့် တစ်နေ့လျှင် ဂျုံ (၅) ပိဿာ၊ ဆီ (၃) ပိဿာ၊ကြက်ဥ (၁၃၀) လုံး၊ ပဲ (၁) ပိဿာ (၅၀) ကျပ်သားကို နေ့စဉ် လုပ်ငန်းဆောင်ရွက်ထုတ်လုပ်လျက်ရှိကြောင်း ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် အထုတ် ၂၀၀ခန့် ထုတ်လုပ်နိုင်ကြောင်း၊ တစ်လလျှင် အထုတ်ရေ ၅၀၀၀ခန့် ထုတ်လုပ်နိုင်ပြီး တစ်နေ့ ရင်းနှီးကုန်ကျငွေ ၃၀၀၀၀၀ ကျပ်ရှိပြီး တစ်နေ့အမြတ်ငွေ ၆၀၀၀၀ကျပ် ကျန်ရှိကြောင်း နှင့် တစ်လလျှင် ထုတ်လုပ်ရက် ၂၅ရက်မုန့်ထုတ်လုပ်ပြီး တစ်လအကျိုးအမြတ်အနေဖြင့်  ၁၅သိန်းခန့် ရရှိပါကြောင်း၊ အခြားတိုင်းဒေသများကို့ ဖြန့်ဖြူးခြင်း မရှိပဲ မအူပင်၊ မြောင်းမု၊ ဟင်္သတ၊ ဇလွန်မြို့များသို့ ဖြန့်ဖြူးပြီး ဘုရားဖူးဧည့်သည်များ ဝယ်ယူအားပေးမှုဖြင့် ရောင်းအားကောင်းစော ကုန်စည်တစ်ခုဖြစ်ကြောင်း ပိုင်ရှင်ဒေါ်လှလှမြင့်က ရှင်းလင်းပြောပြခဲ့ ပါသည်။

DOCA(ဧရာဝတီ)