သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Oct 2023

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များ၌ လစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

09 Oct 2023

    စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊  စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ငါးလုပ်ငန်းဦးစီးဌာနတွင်လည်းကောင်း၊ ကလေးခရိုင်ဦးစီးမှ

09 Oct 2023

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့်  မင်းဘူးခရိုင် ဆီကုန်သည် ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍   ပွင့်ဖြူမြို့ပေါ်ရှိဒေသခံ အခြေခံလူတန်းစားများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံရည်ညွှန်းဈေးအပေါ်တွင် အမြတ် ၂% ထက်မပိုသောသက

09 Oct 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်      ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားတိုးတက်စေရန် မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဒေသတွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရေသန့်စက်ရုံထုတ်လုပ်သည့် MSMES စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

09 Oct 2023

       ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ နောင်ခိုက်ရပ်ရှိ ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages