သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Oct 2023

    မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကိုကာကွယ်ရန်၊ လုပ်ငန်းရှင်များအားလည်း မိမိတို့လိုက်နာရမည့် တာဝန်နှင့်တားမြစ်ချက်များကိုသိရှိစေရန်၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် တိုင်း/ ခရိုင်/ မြို့နယ်အလိုက် စားသုံးသူအသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင

09 Oct 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၈.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီက ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက် အထက(ခွဲ) ကျောင်းတွင် ဆရာ/ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

09 Oct 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၁၈)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင်   ဘိုကလေးမြို့ ရွှေမင်းပူတင်းပေါင်မုန့်လုပ်ငန်းရှိ ဝန်ထမ်း(၆)ဦးအား စားသုံးသူကာကွယ်ရေး   အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

09 Oct 2023

           စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးဇင်မင်း ကိုကို(ဒု-ဦးစီးမှူး)နှင့်  ဝန်ထမ်းများသည် (၄-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘားအံမြို့နယ် ဈေးကွက်အတွင်း၌ မျောက်ဝံတံဆိပ် အချဉ်ရည်ထုပ် Chili Sauce နှင့် ညွှန့်ညွှန့်တံဆိပ် ဆေးမန်း ကျည်းထုတ်များ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/ မရှိ

09 Oct 2023

  ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်မာသန်းသည် (၂၆.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ အိမ်မဲမြို့ရှိ ဆေးဆိုင်များအား ကလေးအာဟာရ ဖြည့်စွက်စာများ ရောင်းချမှုအား နယ်မြေဈေးကွက် စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

Pages