သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစားရေး)သည် ၄.၁၀.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ပဲရစ် (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၂၆.၉၂၀၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီတွင် လပွတ္တာမြို့၊ အမှတ်(၇)မူလွန်ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် (၃.၁၀.၂၀၂၃) ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် မြို့သန့်ရှင်းရေးသာယာလှပစေရန်အတွက် ရွှေဘိုမြို့၊ ရန်ကြီးအောင်ပန်းခြံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်တို