သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ် ရှိ မြသိန်းတန်(၂) ဆန်စက်သို့သွားရောက်၍ ဆန်စက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၁.၉.၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀) နာရီခွဲအချိန်တွင် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ၂၁.၉.၂၀၂၃ ရက်နေ့ ၊ နံနက် (၁၀:၁၅) နာရီတွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောပွဲ ဆွေးနွေးခြင်း (၉/၂၀၂၃) Thursday Talk ကျင်းပပြုလုပ်ခဲ့ပါသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၀.၉.၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့များနှင့်အတူ စတိုးဆိုင်များတွင်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကလေးအဟာရအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၌ ကုန်အညွှန်းအမှတ် ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၀.၉.၂၀၂၃) ရက်နေ့နံနက် (၀၉:၃၀) နာရီခွဲအချိန်က စစ်ဆေးခဲ့ကြောင်းသိရသည်။
၂၃.၉.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူးသည် နတ်စမ်းကျေးရွာ၌ အိမ်တွင်းစက်မှုလက်မှုဦးစီးဌာနက ပြုလုပ်ကျင်းပသော သင်တန်းဆင်းပွဲ၌ ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။