သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Oct 2023

     အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးတက်လာစေရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ကရင်ပြည်နယ် အသေး စားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးကျေးရွာရှိ တောင်ကလေး ဘုန်းကြီးကျောင်းတွင် ဂျပ်ခုတ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို (၂၅-၉-၂၀၂၃ ) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

05 Oct 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသစ်ခန့်အပ်ထားသောဝန်ထမ်းများ၊ လက်ရှိဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊စားသုံးသူကာကွယ်ရေးဆိုင်ရာများအားသိရှိစေရန် ၊ ဦးစီးဌာန၏ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးတွင် (၂၁-၉-၂၀၂၃) ရက်နေ့ မှ (၂၂-၉-၂၀၂၃) ရက်နေ့အထိ (၂/၂၀၂၃) ကြိမ်မြောက် စားသုံးသူကာကွယ်ရေးဆိုင်ရာသင်တန်းအား

05 Oct 2023

     ရခိုင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဦးလှမောင်အေး (ဒု-ဦးစီးမှူး)သည်   ၂၀၂၃ ခုနှစ်   ၊  စက်တင်ဘာလ  (၂၂)  ရက် ၊  နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍  စားသုံးသူကာကွယ်ရေး    (TalkShow) အစီအစဉ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community  Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

05 Oct 2023

      စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ပုသိမ်မြို့နယ် အမှတ်(၁၀) တာကိုင်းရပ်ကွက်တွင် ၂၆.၉.၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ဆားနှင့် ငါးခေါင်းပွငါးများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဦးဆောင်၍ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၅၅၀) အတွက် ဆန်ကုန်သည်များအသင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆားလုပ်ငန်းဦးစီးဌာနပူပေါင်းပါဝင်၍  ဆန်တစ်ပြည်လျှင် ၂၅၀၀

05 Oct 2023

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် အမှတ်(၁၄) ရပ်ကွက်၌ ၂၄.၉.၂၀၂၃ ရက်နေ့ နံနက်ပိုင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥတို့ကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်း သက်သာစွာဖြင့်ရောင်းချပေးခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းစည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ နှင့် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တို့ ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအတွက် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် အိတ်ရေ ၃၀ ကိုလည်းကောင်း၊ စားအုန်းဆီ (၅၀)ကျပ်သား ၂၅၅၀ကျပ်ဖြင့် ပိဿာ

Pages