သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Oct 2023

        ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဆေးပညာ ဦးစီးဌာနတို့နှင့်အတူ ရေတွင်းကုန်းမူလတန်းကျောင်း၌ (၂၁.၉.၂၀၂၃) ရက်နေ့နံနက်  (၁၀:၃၅) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြပါသည်။

04 Oct 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၂၂.၉.၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ် ခဲ့ပါသည်။

04 Oct 2023

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၁.၉.၂၀၂၃)ရက်နေ့ နံနက်(၀၇:၃၀)နာရီမှစတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍လပွတ္တာမြို့နယ်၊ အခွန်လွတ်ဈေးတွင် ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်အသင်းမှ ပြည်သူများသို့ ဆန်ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

04 Oct 2023

 မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးရှိဈေးဆိုင်များတွင် စားအုန်းဆီများသတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချမှုမရှိစေရေး မြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

03 Oct 2023

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို လစဉ် စီမံချက်များပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိရာ (၂၁.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီ အချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

Pages