မော်လမြိုင်မြို့နယ်တွင် အွန်လိုင်း ရောင်းဝယ်ခြင်းဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

  ၁၀.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မော်လမြိုင်မြို့၊ အထက (၁၂) ကျောင်း၌ အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များတွင် စားသုံးသူများအနေဖြင့် သတိပြုရမည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့်အခြေအနေများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ မဝယ်မီ Online Shopping Page တွင်ဖော်ပြထားသည့် ဆက်သွယ်ရန် ဖုန်းနံပါတ် လိပ်စာများအား မြေပြင်တွင် အမှန်တကယ်ရှိ/မရှိ စစ်ဆေးရန်လိုအပ် ကြောင်း၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှ ကုန်စည်/ဝန်ဆောင်မှုများအား ဝယ်ယူခြင်းအပေါ် နစ်နာမှုများ ဖြစ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ Consumer Call Center ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.doca.gov.mm Website မှ ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA (မွန်)