ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည်(၁၁.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် ဝါးခယ်မမြို့နယ် ဝါးခယ်မမြို့နယ် ရွှေခယ်သီရီခန်းမတွင် ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ဆီရောင်းချမှုများနှင့်ပက်သတ်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင်မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ဆီရောင်းချရာတွင်သတ်မှတ် ဈေးနှုန်းဖြင့် ဗွီနိုင်းဆိုင်းဘုတ်များကို အများပြည်သူများသိရှိအောင်ချိတ်ဆွဲထားရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု များမပြုလုပ်စေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ အလေးချိန် မပြည့်ဝမှန်ကန်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးခံရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထိုဟောပြောပွဲသို့ လုပ်ငန်းရှင်စုစုပေါင်း(၆၈)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCAဧရာဝတီ)