Main menu

မြောင်းမြခရိုင်‌၊ဝါးခယ်မမြို့နယ် တာဝန်ခံသည်ရွှေခယ်သီရီရှိ ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ဆီရောင်းချမှုများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည်(၁၁.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် ဝါးခယ်မမြို့နယ်  ဝါးခယ်မမြို့နယ် ရွှေခယ်သီရီခန်းမတွင် ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား  ဆီရောင်းချမှုများနှင့်ပက်သတ်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောရာတွင်မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ဆီရောင်းချရာတွင်သတ်မှတ် ဈေးနှုန်းဖြင့် ဗွီနိုင်းဆိုင်းဘုတ်များကို အများပြည်သူများသိရှိအောင်ချိတ်ဆွဲထားရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု များမပြုလုပ်စေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ အလေးချိန် မပြည့်ဝမှန်ကန်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးခံရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထိုဟောပြောပွဲသို့ လုပ်ငန်းရှင်စုစုပေါင်း(၆၈)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCAဧရာဝတီ)