သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Oct 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား  လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်အတွက် ဒေသတွင်း စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များထံ

16 Oct 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၅-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ အင်းမကျေးရွာရှိ ကျော်ပဒေသာဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

16 Oct 2023

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား (၉-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

16 Oct 2023

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့၊ နေ့လယ်ပိုင်းတွင် ခရိုင်ဦးစီးမှူးရုံးခန်းမ၌ တောင်ငူခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းလုပ်အမှုဆောင်များနှင့် အသင်းဝင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

16 Oct 2023

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာနှင့်အတူ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

Pages