သတင်းနှင့် လှုပ်ရှားမှုများ
(၂၀-၉-၂၀၂၃) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ရောင်းချပေးသောစားအုန်းဆီများအား ကရင်ပြည်နယ်ဆီအသင်း၏စီစဉ်မှုဖြင့် ဘားအံမြို့ပေါ်နှင့် ကျေးရွာများ၌ ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားအုန်းဆီများ ဈေးကွက်အတွင်းသို့ဖြန့်ချိရာတွင် ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တာဝန်ခံရုံးရှိ ကော့ကရိတ်မြို့နယ်တာဝန်ခံ ဦးသက်လွင်(ရုံးအုပ်)နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တာဝန်ခံ ဦးမောင်မောင်အေး(ဒု-ကြီးကြပ်ရေးမှူး)တို့သည် (၂၂-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရပ်ကျေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ မေတ္တာလမ်းရှိ ဦးချိ အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ထုတ်လုပ်လျက်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ ဈေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး ခြင်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဈေးကွက်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်း ကလေးအာဟာရဖြည့်စွက်စာရောင်းချနေမှုကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့မဈေးနှင့်ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ အ.မ.က(၇) တောင်ပိုင်းကျောင်း၌ ကျောင်းသား/ သူ(၇၀)ဦး၊ ဆရာ/ မ(၁၂)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။