သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းချမ်းသူသည် ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ကသာခရိုင်ဦးစီးမှူးရုံး၌ ကသာမြို့၊ အမှတ်(၉)ရပ်ကွက်မှ စားအုန်းဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ (၁၉.၉.၂၀၂၃) ရက်နေ့ ၊နံနက်(၁၀:၀၀)အချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ရောင်းချနေသောဆီများအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြပါဝင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ် မင်္ဂလာဈေး၊ အခွန်လွတ်ဈေး၊ စတိုးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၀.၉.၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၃၀) နာရီအချိန်တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံး ပန်းတနော်မြို့နယ်သို့ ခရိုင်ကိုယ်စားပြု ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၁၉.၉.၂၀၂၃) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်က ပန်းတနော်မြို့ပေါ်ရှိ ကုန်မျိုးစုံ မုန့်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချလျက်ရှိသော ကလေးအာဟာရမုန့်အမျိုးမျိုးကို ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ ကုန်စည်ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်အတွင်း ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား မိတ်ဖက်အဖွဲ့များနှင့်အတူ (၂၀.၉.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဈေးကွက် စောင့်ကြည့်စစ်ဆးခဲ့ကြပါသည်။