သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၀.၉.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီတွင် လပွတ္တာမြို့၊ မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၀.၉.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီက အိမ်မဲမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပုသိမ်မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ပုသိမ်မြို့ တစ်ဖက်ကမ်း လင်းဝင်းကြီးကျေးရွာအုပ်စု ကွက်ပြင်ကြီးကျေးရွာရှိ လူဦးရေ ၄၄၀ ဦးအတွက် စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၀ဝိ/- ကျပ်နှုန်းဖြင့် စားအုန်းဆီ ၂၂၀ ပိဿာ အား ဈေးကားဖြင့် ရောင်းချပေးခဲ့ပြီး မွန်းလွဲပိုင်းတွင်် ပုသိမ်မြို့ အမှတ် (၉) နယ်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ သုတေသနှင့် ဈေးကွက်သုတေသနကော်မတီကို တိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်ဆက်စပ်ဌာနများ အသင်းအဖွဲ့များ ပညာရပ်ကျွမ်းကျင်သူများနှင့်ဖွဲ့စည်းခဲ့ပါသည်၊၊
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း( ၃ )ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်ရှိ အမှတ်( ၃ ) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား / ကျောင်းသူ၊ ဆရာ/ ဆရာမစုစုပေါင်း (၃၉၄)ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။