သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များသုံးစွဲနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့်ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/696_0.jpg?itok=UexlWusZ)
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၁၆ရက်နေ့၊ နံနက်(၀၇း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရားဝန်းအတွင်း၌ သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်လှဲခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/695_0.jpg?itok=1p-w78qS)
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးကျင်းပသော စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၃-၉-၂၀၂၃)ရက်နေ့မှ (၁၉-၉-၂၀၂၃)ရက်နေ့အထိဖွင့်လှစ်ခဲ့ရာ သင်တန်းသူ/ သား (၂၅)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/694_0.jpg?itok=ReONbU54)
နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ကြက်ခက်ဝါးရုံအုပ်စု ကြက်ခက်ဝါးရုံကျေးရွာ အခြေခံပညာ(အ.လ.က)ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅.၉.၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၅ ) ဦး တက်ရောက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/26.18_0.jpg?itok=ngJLl_E1)
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နှင့် (၆)ရက်နေ့တို့တွင် ဖွင့်လှစ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၂)ဦးတက်ရောက်ခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/693_0.jpg?itok=6dDIHh-6)