သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် မအူပင်ရေလဲလမ်းပေါ်ရှိ စိုးမိသားစု ဆန်စက်သို့သွားရောက်၍ (၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

26 Sep 2023

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၁၈-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့၊ ကုန်မျိုးစုံအရောင်းဆိုင်၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော ကလေးအာဟာရမုန့်အရောင်းဆိုင်သို့သွားရောက်၍ ကုန်စည်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြ ပါသည်။

26 Sep 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၁၅.၉.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ(၁၆)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၁၆၃)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

26 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊  ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် (၁၅.၉.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပညာရေးဒီဂရီကောလိပ်၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး”အခမ်းအနားသို့ မိတ်ဖက်ဌာနအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

26 Sep 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့ ၏လမ်းညွှန်မှုဖြင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် လစဉ်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၁၈.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သ

Pages