သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် (၂၀-၉-၂၀၂၃) ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်အတွင်းရှိ ဒေါ်မိုးခိုင် (ကုန်စုံဆိုင်) သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/690_0.jpg?itok=Amw37l4g)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇေယျာလင်းဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဖြင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ရှိ စည်ပင်သာယာဈေးကြီးနှင့် ဈေးဆိုင်ပြင်ပ ရပ်ကွက်ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/26.14.jpg?itok=MkNhPaJI)
ကျောင်းသား၊ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ သိရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးနှင့် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ၁၄ ရက်နေ့ ၊နံနက်ပိုင်းတွင် ဖြူးမြို့၊ မြို့မ(၁) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ပါ သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/26.13_0.jpg?itok=j010hJ6K)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကျောင်းသားကျောင်းသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်အတွက် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/26.12_0.jpg?itok=lWF_Pxbc)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၁၈-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း အပတ်စဉ်ဆောင်ရွက်လျက်ရှိသည့် Plastic Campaign တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသားငါးရောင်းချနေသော ဈေးတန်းတစ်လျှောက်နှင့် အသီးအရွက်ကုန်စိမ်းရောင်းချသူများအား ပလတ်စတစ်လျှော့ချအသုံးပြုစေရေး အင်ဖက်အ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/687.jpg?itok=ppl-SHZ-)