အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြအသိပညာပေးခြင်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊   ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် ၂၀၂၅ခုနှစ် စက်တင်ဘာလ () ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။  အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ   အမှိုက်များကိုစွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရယ်ရှိသောအမှိုက်ဟူ၍(၄)မျိုးခွဲခြားစွန့်ပစ်ရန်လိုကျောင်း၊ အမှိုက်ပုံးများကိုလည်း သိသာထင်ရှားသည့်နေရာတွင် စာများကပ်ထားရန်လိုကြောင်းနှင့် အမှိုက်စိုဆိုသည်မှာ အခြေခံအားဖြင့် အစားအသောက်ပစ္စည်း၊ ညစ်ညမ်းစေသည့် အစားအစာထုပ်ပိုးမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု ထုတ်ကုန်စည်သည်တိုပါဝင်ကြောင်း၊ အမှိုက်ခြောက်တွင် ပြန်လည်ထုတ်ပိုးအသုံးပြုနိုင်သောပစ္စည်းနှင့် ပြန်လည် အသုံးမပြုနိုင်သောပစ္စည်းများပါဝင်ကြောင်း၊ ပလက်စတစ်အမှိုက်ဆိုသည်မှာ ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော အမှိုက်များပါဝင်ကြောင်း၊ ဘေးအန္တရယ်ရှိသောအမှိုက်တွင် ခြင်းဆေးဘူးများ၊ ပိုးသတ်ဆေးဘူးများ၊ သက်တမ်းလွန် နေသည့် အစားအစာများ၊ ဆေးဝါးများစသည်တို့ ပါဝင်ကြောင်းနှင့် ထိုသို့အမှိုက်အမျိုးအစားများ ခွဲခြား စွန့်ပစ်ခြင်းအားဖြင့် မိမိပတ်ဝန်းကျင်သန့်ရှင်ရုံသမက ကျန်းမာရေးကိုလည်းအထောက်အကူပြုကြောင်း  အသိပညာ ပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)