မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသောက်ဆိုင်လုပ်ငန်းရှင်များကို စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် Menu ဈေးနှုန်းများ ဖော်ပြရောင်းချစေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်  စားသောက်ဆိုင်လုပ်ငန်းရှင်များကို စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် Menu ဈေးနှုန်းများဖော်ပြရောင်းချ စေရေးအလုပ်ရုံဆွေးနွေးပွဲကို ၂၃.၉.၂၀၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး၊ စားသုံးသူရေးရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ၊ ဖိတ်ကြားထားသည့် စားသောက်ဆိုင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြော ကြားရာတွင်  စားသောက်ဆိုင်လုပ်ငန်းရှင်များလိုက်နာရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ လိုက်နာရမည့်အချက်များအား ကျင့်ဝတ်/စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ရောင်းချသည့် အစားစာဈေးနှုန်းများအား Menu ဈေးနှုန်းများ ဖော်ပြရောင်းချစေရေး၊ အစားစာဘေးအန္တရာယ်ကင်းရှင်းရေး အဓိကအလေးထားဆောင်ရွက်ရန်၊ စားသောက်ဆိုင် များတွင် ထားရှိသည့် စွန့်ပစ်ပစ္စည်းများထည့်သည့် အမှိုက်ပုံးများအား အမျိုးအစား ခွဲခြား၍ စနစ်တကျစွန့်ပစ်သွားရန် စသည့်အချက်များအား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက် များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်မှ စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် Menu ဈေးနှုန်းများ ဖော်ပြရောင်းချစေရေး Powerpoint ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ   ဒေါက်တာဖြိုးမာန်သက်ဦး၊ လက်ထောက်ညွှန်ကြား ရေးမှူး က အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စားသောက်ဆိုင်လုပ်ငန်းရှင် ၁၅၀ခန့် တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ပြီးဆွေးနွေးပွဲကို ၁၂:၀၀နာရီတွင် ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)