သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Sep 2023

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးဝန်းအတွင်း တိုင်းဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ ဒု-တိုင်းဦးစီးမှူးဦးဆောင်၍ မိုးရာသီစားသုံးသီးနှံဆယ်မျိုးဆယ်ပေါင်စိုက်ခင်းပြုလုပ်၍ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ခရမ်း၊ မုန်လာ၊ ရုံးပတီ၊ ဥကန်စွန်း၊ စပါးလင်၊ ဂွေးတောက်အပြင် သခွားနှင့် ဘူးစိုက်ခင်းများလည်း မိုးဦးကျရာသီမှစတင်၍ စိုက်ပျိုးခဲ့ပါသည်။

18 Sep 2023

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ )  သည်   ၂၀၂၃ခုနှစ်၊  စက်တင်ဘာလ  (၁၃)  ရက်နေ့၊  နေ့လယ် (၁၃:၃၀) နာရီအချိန်တွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍  စားသုံးသူကာကွယ်ရေး    (TalkShow) အစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community  Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

18 Sep 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးတင်မောင်ထွန်း (ရုံးအုပ်) သည် (၁၄-၉-၂၀၂၃) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

18 Sep 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁၁)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၁၃) ဦးနှင့် ဆရာ/ ဆရာမ (၇) ဦး စုစုပေါင်း (၂၂၀) ဦးတက်ရောက်ခဲ့ကြပါသည်။

18 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းတို့သည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၇-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ(၂၈၀)ဦး၊ ဆရာ/ ဆရာမ (၅)ဦး၊ ကျောင်းဈေးသည်(၅)ဦးတို့အား

Pages