သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Sep 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၇.၉.၂၀၂၃)ရက်နေ့ နံနက်(၀၈:၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ  ဆေးဆိုင်များအား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယ ဦးစီးမှူး ဦးအောင်ရာဇာဖြိုး ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမမျ

18 Sep 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၈.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်

18 Sep 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဋ္ဌေး(ဒု-ကြီးကြပ်ရေးမှူး) နှင့်ဝန်ထမ်းများသည် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ၊ ကျောင်းကျန်းမာရေးကော်မတီ၊ ကျောင်းအကျိုးတော်ဆောင်နှင့် ရပ်ကျေးအဖွဲ့ဝင်တို့ပူးပေါင်း၍ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၅)ရှိ ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

18 Sep 2023

     စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ရွှေဘိုခရိုင် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍  စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဆန်များဝယ်ယူရရှိပြီး တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ရွှေဘိုမြို့ရှိ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်(၃)ဦးမှ (၃.၉.၂၀၂၃ )ရက်နေ့မှ စတင်ရောင်းချပေးရာ (၁၁.၉.၂၀၂၃)ရက်နေ့ထိ ရောင်းချပေးလျက်ရှိပါသည်။

18 Sep 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဋ္ဌေး(ဒု-ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၅) ရှိ ကျောင်းသား/ သူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

Pages