ဟင်္သာတမြို့ စားသုံးဆီလက်လီ/လက္ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း နှင့်ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေများဆွေးနွေးခြင်းဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (..၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီ သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချသည့် လက္ကား/လက်လီဆိုင်များသို့ ကွင်းဆင်း၍ ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချ နေမှုအား ကွင်းဆင်းစိစစ်ခြင်းနှင့် နေ့လယ်(၁၄:၃၀)တွင် ကုန်ကြီးကျေးရွာ၌ ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေများအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆီစာအုပ်များအားစိစစ်ခြင်းနှင့် ဆက်လက်ရောင်းချမည့်အစီအစဥ်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင် ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ် ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့ပြီး၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်း၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင် အတွယ် မှန်ကန်စွာရောင်းချပေးရေး၊ ကုန်ကြီးကျေးရွာ၌ ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေ များအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမှု အခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း သိရှိရပါ သည်။

(DOCA ဧရာဝတီ)