သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်နှင့်ဝန်ထမ်းများသည် (၇-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်နှင့် (၁၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော ကလေးအာဟာရဖြည့်စွက်စာများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ၊ သက်တမ်းလွန်သည့် ဖြည့်စွက်စာများရောင်းချခြင်းရှိ/မရှိနှင့် သက်ဆိုင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/482_0.jpg?itok=62EJZ_XO)
မကွေးမြို့နယ်အတွင်း အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign ဆောင်ရွက်လျက်ရှိရာ (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာစျေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/481_0.jpg?itok=FhXhuyHb)
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၄-၉-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ မြေနုရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းရှင်(၃)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/479_0.jpg?itok=aY17VjoH)
(၁၂-၉-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ ဘိုးနက်ကျေးရွာ၊ ဇေယျဝံသဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/474_1.jpg?itok=1MpNtSw9)
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ၊ မြို့ပေါ်ရပ်ကွက်ရှိ ဆောက်လုပ်ရေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၃ ခု၊စက်တင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။