သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ (၂၄.၈.၂၀၂၃) ရက်နေ့ ၊ နေ့လယ် (၁၅ : ၀၀) နာရီအချိန်တွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစန်းဝင်း ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း (ပဲခူးအနောက်ပိုင်း) ဥက္ကဌ ဦးခင်မောင်ချိုတို့မှ ဦးဆောင်၍ သာယာဝတီခရိုင်အတွင်း မြို့နယ် (၆) မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် (၂၉)ဦး ပူးပေါင်း၍ ဆန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/13.13_1.jpg?itok=5d-3dqFb)
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၈.၈.၂၀၂၃) ရက်နေ့တွင် ဂုမ္မကွင်းအုပ်စု ဂုမ္မကွင်းအရှေ့ရွာရှိ သစ်ဆန်းပဲကြော်၊ နှစ်ပြန်ကြော် လုပ်ငန်းနေရာသို့ သွားရောက်၍ လုပ်ငန်းရှင် ဦးသန်းလွင်နှင့်တွေ့ဆုံ မေးမြန်းရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/13.12_1.jpg?itok=N5h2LXNd)
ပဲခူးတိုင်းဒေသကြီးအနောက်၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ (၂၈-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် မြို့နယ်တွင်းစားသုံးသူများ ဆန်များကို ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်၊ ဆန်လက်ကားဆိုင်များ၊ ပဲနှမ်း ပွဲရုံ၊ စိုက်ပျိုးရေးဆေးဓာတ်မြေဩဇာရောင်းချသူများပါဝင်သော လုပ်ငန်းရှင် (၂၁) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ကာ စားသုံးသူရေ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/415.jpg?itok=8o9gM0SU)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပလျက်ရှိရာ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/13_6.jpg?itok=gk-nZOgp)
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄-၉-၂၀၂၃) ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းရွာ၊ အခြေခံမူလတန်းကျောင်းရှိ ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ (၅၀)ဦးတိုးအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/412_0.jpg?itok=vkyIEJhK)