သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၇-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်အတွင်းရှိ နေလင်း (ကုန်စုံဆိုင်) သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/397_0.jpg?itok=q4EqrvBH)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ရွှေဘိုခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ရွှေဘိုမြို့ရှိ ဆီကုန်သည်(၃)ဦးမှ (၁.၉.၂၀၂၃)ရက်နေ့မှ (၄.၉.၂၀၂၃)ရက်နေ့ထိ စားအုန်းဆီများကို ရောင်းချပေးလျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/12.16.jpg?itok=HGtGTkqg)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဦးစားပေးကုန်စည်များသတ်မှတ်၍ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အ သားပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုမရှိသော ကုန်စည် များ လျော့နည်းပပျောက်စေရန်အတွက် ၂၀၂၃-
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/12.15.jpg?itok=7n6EBIQH)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၆.၉.၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေး အစည်းအဝေးခန်းမ၌ စားသုံးဆီ လုပ်ငန််းရှင်များအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/12.11.jpg?itok=o2EC2TUr)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ နှင့်ပူးပေါင်း၍ (၆.၉.၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီက အိမ်မဲမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာ အလကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/12.10_0.jpg?itok=AfXOE0mg)