သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Sep 2023

     ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်လုပ်ငန်း ရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ ဒေသခံ အခြေခံ လူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ (၅.၉.၂၀၂၃) ရက်နေ့ နံနက် (၀၇:၀၀) နာရီ အချိန်တွင် ဓနုဖြူမြို့နယ် ရပ်ကွက်များသို့ လှည့်လည်၍ အရည်အသွေးသင့်တင့်ကောင်းမွန်သော Export Quality ဧည့်မထဆန် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်

11 Sep 2023

    ဧရာဝတီတိုင်းဒေသကြီး၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (၂၀၂၃-၂၀၂၄) အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်း  JJ Restaurant ၌ ဩဂုတ်လ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

11 Sep 2023

    ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာစေရန် သစ်အခြေခံပရိဘောဂသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်၊၊

11 Sep 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဩဂုတ်လ (၃၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝန်ထမ်းထုဒါဘာအစည်းအဝေးပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဦးက အဖွင့်အမှာစကားပြောကြား၍ ဌာနခွဲအလိုက်လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လိုအပ်သည်များကိုပြောကြားခဲ့ပါသည်။

11 Sep 2023

    ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေ (၈၆) ဘီလီယံဖြင့် ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ဧက ၄သိန်းကျော်အတွက် သက်ဆိုင်ရာကုမ္ပဏီများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူများမှ ကျပ်၂၀၀၀၀၀နှုန်းနှင့်ညီမျှသော သွင်းအားစုများပေးအပ်စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရရုံးခန်းအတွင်းရှိ ဧရာရွှေဝါခန်းမ၌ (၃-၉-၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ပါသည်၊၊ အဆိုပါအခမ်းအနားသို့ တိုင်းအဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ သက်ဆို

Pages