သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် မြို့နယ်ဦးစီးမှူးနှင့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာန (လှည်းကူး) မှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၀) ရက်ခန့်က မအူပင်မြို့ရှိဆန်စက်များနှင့် ဓနုဖြူမြို့ရှိ ဆန်စက်များသို့လည်းကောင်း၊ (၃၁.၈.၂၀၂၃) ရက်နေ့က ညောင်တုန်းမြို့ပေါ်ရှိ ဆန်စက်များသို့လည်ကောင်း နံနက်ပိုင်းက GACC လက်မှတ်ထုတ်ပေးရေးနိုင်ရန်အတွက် မအူပင်၊ ညောင်တုန်း၊ ဓနုဖြူရှိ ဆန်စက်များသို့ ကွင်းဆင်း၍ အဖွဲ့က လာရောက်၍ စစ်ဆေ

11 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၃၁.၈.၂၀၂၃) နေ့တွင် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မအူပင်မြို့ရှိ မုန့်မျိုးစုံလုပ်ငန်းရှင်(၁၅)ဦးအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

11 Sep 2023

        ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်၊ ဂွမြို့နယ်တာဝန်ခံဒေါ်မာမာလေး (ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင်ဂွမြို့၊ မကျည်းငူကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူများ အား စားသုံးသူကာကွယ်ရေး၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သတ်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

11 Sep 2023

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ထန်းတောကြီးကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၃၀-၈-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

11 Sep 2023

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်၊ အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်တို့သည် ၆-၉-၂၀၂၃ ရက်နေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် အမှတ်(၄)ရပ်ကွက်၊ မြို့ပတ်လမ်း၊ ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က - ၄ ကျောင်းအစည်းဝေးခန်းမတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

Pages