ကျွန်းလှမြို့နယ်၊  အင်းကောင်း ကျေး ရွာ အ.လ.က ကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ()ရက်နေ့ နံနက်(၀၉:၂၀)နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်၊  အင်းကောင်း ကျေး ရွာ အလယ်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ကျောင်းကော်အတီအဖွဲ့ဝင် ဆရာ/ဆရာများ နှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်တွင် ရောင်းချ လျက်ရှိသော အစားအသောက် ကုန်စည်များတွင် ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များအတိုင်း ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန်မုန့်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ  ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောမုန့်များနှင့် မိမိတို့ ဒေသထွက် ဘေးအန္တရာယ်ကင်း လွတ်သည့် သဘာဝ အစားအစာများကို သန့်ရှင်းသပ်ရပ်စွာရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး  မိမိတို့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် မည်သည့်ကုန်စည်များတွင်မဆို စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များ အတိုင်း ဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် နှင့် ကျောင်းသား/သူများသည် အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများဖြစ်ပြီး ငယ်ရွယ် နုနယ်သေးသည့်အတွက် မိမိတို့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကလေးငယ်များ ဘေးအန္တရာယ် ကျ ရောက်ပြီး ထိခိုက်နစ်နာစေမည့်  မည်သည့်ကုန်ပစ္စည်းများကိုမှ မရောင်းချရန် အသိပညာပေးခဲ့ပြီး  အမိန့် ကြော်ငြာစာအမှတ်(/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)