သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Sep 2023

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  သာစည်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ “Rainbow”  အမှတ်တံဆိပ် မုန့်လုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသောလုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်၌ ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၈ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည

11 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

11 Sep 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တာဝန်ခံ ဦးသန်းဝင်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

11 Sep 2023

    (၃၀-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး(ကိုယ်စား) ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ)ကဦးဆောင်၍ ပြည်နယ်/ခရိုင်များမှ ဝန်ထမ်းများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ပြုလုပ်ခဲ့ကြောင်းသိရသည်။

08 Sep 2023

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဝါဆိုကျောင်း၌ စက်တင်ဘာလ ပထမအပတ်တွင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ရက်ကန်းနှင့် အသက်ပညာသင်တန်းကျောင်း(ကျောက်မဲ)မှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ အမျိုးသမီးများအတွက် ဝင်ငွေ တိုးရေးလုပ်ငန်း (စက်ချုပ်) သင်တန်းဖွင့်လှစ်ခဲ့ပါကြောင်းသိရှိရပြီး သင်တန်းကာလမှာ (၁) လကြာ ဖွင့်လှစ်ကြောင်းသိရသည်။

Pages