သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စာသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရပ်ကျေးစာရေးတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ကတ်တောင်အုပ်စု၊ ပါစမ်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် ကုန်စည်ပစ္စည်းမိတ်ဆက်ပွဲသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၃.၉.၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးကုန်သည်များအသင်းနှင့် ပူးပေါင်း၍ အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/8.5_1.jpg?itok=VTLdJx7d)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂.၉.၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးကုန်သည်များအသင်နှင့် ပူးပေါင်း၍ အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/8.4_1.jpg?itok=5ygFnaeo)
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးနှင့် ဒေါ်မိခင်သူဇာ (အကြီးတန်းစာရေး) တို့သည် (၁-၉-၂၀၂၃) ရက်နေ့ (သောကြာနေ့)၊ နေ့လယ် (၁၁:၅၀) နာရီအချိန်တွင် ဘားအံမြို့ရှိ အ.ထ.က (၂) ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/350_0.jpg?itok=Qi8kKU_F)
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်လုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေး၊ စျေးနှုန်းချိုသာစွာဆန်များရောင်းချပေးနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ချောက်မြို့နယ်၌ (၂၈-၈-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်ကွက်သို့သွားရောက်၍ ဆန်များရောင်းချပေးခဲ့ကြောင်းသိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/349_0.jpg?itok=qf13X6Vk)