သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၃ တွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဟု ပြဌာန်းထားရာ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများမဖြစ်စေရေးအတွက် ဈေးကွက်အတွင်းကွင်းဆင်း၍ ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး ဦးဆောင်သောဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း ဦးဆောင်သောဝန်ထမ်းများနှင့် ပူးပေါင်း၍ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ် ဇေယျဝတီမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား ကျောင်းသူ များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖြူးမြို့နေပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်များကိုယ်တိုင် စိုက်ပျိုး မွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို ဖြူးမြို့ မြို့မရဲစခန်း အနောက်ဘက်ရှိ အမှတ်(၄)လမ်းတွင် တိုက်ရိုက်အရောင်းဆိုင်များဖွင့်၍ ရောင်းချပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ သင်တန်းကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောလျက်ရှိပါသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပပြီးစီးခဲ့သော မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ၏ ဖော်ထုတ်ချက်များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် အမှာစကားပြောကြားပါသည်။