ရောနှောဆန်များရောင်းချခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကုန်သည်များ အသင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၄.၃.၂၀၂၅) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရပ်ကွက်နှင့် ဈေးများရှိ ဆန်အရောင်းဆိုင်အချို့အား စိစစ်ခဲ့ရာ ဆန်ရောင်းချသည့် အမျိုးအစားများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည့်မထ စသည့် ဆန်အမျိုးအစားများကိုသာ ရောင်းချ လျက်ရှိပြီး အဆိုပါဆန် အမျိုးအစားများသည် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ဆန်စက် များ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တိုင်းဒေသကြီးများရှိ ဆန်စက်များမှကြိတ်ခွဲထွက်ရှိသော ဆန်များကို ရန်ကုန်မြို့၊ ဝါးတန်းကုန် စည်ဒိုင်မှတစ်ဆင့် ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း၊ တံဆိပ်အမှတ်အသားများဖြင့် ပြန် လည်ထုပ်ပိုးရောင်းချခြင်းဖြစ်ကြောင်းနှင့် ဆန်အမျိုးအစားများကို ရောနှောရောင်းချခြင်းမျိုး မတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

စစ်ဆေးတွေ့ရှိချက်များအရ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများအား လစဉ်မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များ၏ လူဦးရေနှင့်စားသုံးမှုအရ စပါးစိုက်ပျိုးထွက်ရှိမှု အပေါ် ဆန်လိုအပ်ချက်ရှိသော်လည်း ဧရာဝတီ၊  ပဲခူး ၊  မန္တလေး အစရှိသည့် တိုင်းဒေသကြီးများမှလည်း ဆန်စီးဝင်မှုများလည်းရှိသည့်အတွက် ကြောင့်လည်း ကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းၐနှင့် သက်ဆိုင်ရာဌာနများမှလည်း ဆန်စျေးနှုန်း တည်ငြိမ်ရေး ဝိုင်းဝန်းကြပ်မတ်စစ်ဆေးဆောင် ရွက်လျှက်ရှိနေသည့်အတွက် ဈေးကွက် အတွင်း ဈေးနှုန်းအဆမတန်မြှင့်တက်ခြင်း၊ ဆန်ပြတ်လပ်မှုတို့ကိုမတွေ့ရှိရပဲ ပုံမှန်ဈေးကွက် အတွင်း၌သာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)