
၄.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့ရှိ ဆန်ဆိုင်များဈေးကွက်အတွင်း ဆန်များရောနှောရောင်းချခြင်းများ ရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့ရှိ ဆန်ဆိုင်များသည် ဈေးကွက်အတွင်း ဆန်များ ရောနှောရောင်းချခြင်း မရှိပါကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်းသာ ရောင်းချ နေကြောင်း သိရှိရပါသည်။
DOCA (မွန်)